Please enable JavaScript.
Coggle requires JavaScript to display documents.
Teaching Reflection, Reflection of Maths Teaching, Things to do, Be ware…
Teaching Reflection
Reflection of Maths Teaching
Note
The purpose of teaching is to facilitate learning
သချာ်သင်ကြားခြင်းသည် ကြောင်းကျိုးဆက်စပ်စဉ်းစားတတ်ဖို့
နေ့စဉ်ဘဝနဲ့ ဆက်စပ်တတ်ဖို့လဲလို
သဘာဝကိန်း(Natural Number) 1 ကစ
သဘာဝအကြောင်းအရာတွေကို ရေတွက်
မရှိတော့ဘူးဆိုတဲ့အရာကို ဖော်ပြဖို့ ကိန်းဂဏန်းလေးတစ်ခုကို ဖန်တီးလိုက်တယ် ဒါကို သုညလို့ခေါ်လိုက်တယ်။ သဘာဝမှာမရှိဘူး
Things to ask
သင်ခန်းစာတစ်ခုကို အောက်က Teaching method တွေနဲ့ ဘယ်လိုချဉ်းကပ်မလဲ Teaching method တစ်ခုစီပေါ့
Reflect
Lecture Method
ခက်ခဲတဲ့ယူဆချက်တွေကိုရှင်းရင်ကောင်းပါတယ်။
Inductive Method
သိထားပြီးသားအကြောင်းအရာတစ်ခုကနေအခြေခံပြီး မသိသေးတဲ့အကြောင်းအရာတစ်ခုဆီသွား
ပုံသေနည်းတွေတွက်ထုတ်တာမျိုး။
ဆရာက စည်းကမ်း၊ နိယာမ (Rule) ဒါမှမဟုတ် အယူအဆကြီးတစ်ခုကို အရင်မိတ်ဆတ်မပေးဘဲ၊ ဥပမာ ကိစ္စရပ်ငယ်များစွာ၊ သာဓကများစွာကို အရင်ဆုံး ကျောင်းသားတွေကို ပြသပေးတယ်။ ကျောင်းသားတွေက ဒီဥပမာတွေကနေ အတူတူချင်း တူညီမှုတွေ၊ ပုံစံချင်းတူညီမှုတွေ (Pattern) ကို ကိုယ်တိုင်လေ့လာ သိမြင်ပြီး၊ နောက်ဆုံးမှာ သူတို့ဘာသာသူတို့ စည်းကမ်းချက်ကို ကောက်ချက်ချနိုင်အောင် လမ်းညွှန်ပေးတဲ့ နည်းလမ်းဖြစ်ပါတယ်။
သင်ခန်းစာ - "စာလုံးပေါင်းမှာ 'y' နဲ့ဆုံးတဲ့ နာမ်ကို များကိန်းလုပ်မယ်ဆိုရင် 'y' ကို 'i' ပြောင်းပြီး 'es' ထည့်ရတယ်" ဆိုတဲ့ စည်းကမ်း။
အဆင့် ၁ (ဥပမာတင်ပြခြင်း) - ဆရာက ဘုတ်ပေါ်မှာ စာလုံးအတွဲတွေ ရေးပြတယ်။ Eg. baby → babies city → cities
အဆင့် ၂ (လေ့လာဆန်းစစ်ခြင်း) - ဆရာက "ဒီစာလုံးတွေကို ကြည့်ပါ။ ဘယ်လိုပြောင်းသွားလဲ။ ဘာတွေတူနေလဲ" လို့ မေးတယ်။ ကျောင်းသားတွေက 'y' ပျောက်ပြီး 'ies' ဖြစ်သွားတာကို တွေ့ရှိကြတယ်။
အဆင့် ၃ (ကောက်ချက်ချခြင်း) - ကျောင်းသားတွေက "ဆိုတော့ 'y' နဲ့ဆုံးတဲ့ စာလုံးကို များကိန်းလုပ်ချင်ရင် 'ies' နဲ့ အစားထိုးရမယ်" ဆိုတဲ့ စည်းကမ်းကို ကိုယ်တိုင်ကောက်ချက်ချမိလာတယ်။
အဆင့် ၄ (အတည်ပြုခြင်း) - ဆရာက "အင်း မှန်ပါတယ်" လို့ အတည်ပြုပြီး "ဒါဆို 'party' ကို များကိန်းလုပ်ရင် ဘယ်လိုရမလဲ" (parties) လို့ မေးကာ အသုံးချခိုင်းတယ်။
Deductive Method
ဘယ်လိုဖြစ်ပေါ်လာတယ်ဆိုတာမျိုးမပြောဘဲ ဒီတိုင်း lecture ရိုက်ပြီး သင်ပေးလိုက်တာမျိုးကို deductive method လို့ခေါ်တယ်။
Heuristic or Discovery Method
Learning by doing
သိပြီးသားအပေါ်မှာအခြေခံပြီး ဆက်လက်ရှာဖွေရမှာ
facilitated question တွေမေးပြီး ဆွဲခေါ်သွားတဲ့ပုံစံမျိုး
Heuristic Method ဆိုတာက ကျောင်းသားတွေကို ကိုယ်တိုင်စူးစမ်းရှာဖွေပြီး သင်ယူနိုင်အောင် လမ်းညွှန်ပေးတဲ့ သင်ကြားရေးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဆရာက ပြဿနာတစ်ခုကိုသာ ပေးပြီး၊ ကျောင်းသားတွေကိုယ်တိုင် အဖြေကို ရှာဖွေခွင့်၊ စမ်းသပ်ခွင့်၊ ကောက်ချက်ချခွင့် ပြုတဲ့နည်းလမ်းဖြစ်ပါတယ်။
Analytic Method
ပေးထားချက်တွေကို အပိုင်းအပိုင်းတွေခွဲထုတ်ပြီး ပြန်ချိတ်ဆက်ပြီး အဖြေရှာတာ။
ပုံပြင်ဆန်ဆန်ရေးထားတဲ့ပုစ္ဆာလိုမှာတွေ့ရတတ်။ problem solving ပုစ္ဆာလိုတွေမှာတွေ့ရတတ်တယ်။
Analytic Method ဆိုတာက ရှုပ်ထွေးတဲ့ အကြောင်းအရာ (သို့) ပြဿနာတစ်ခုကို ရိုးရှင်းတဲ့ အစိတ်အပိုင်းငယ်လေးတွေအဖြစ် ခွဲခြမ်းပြီး သင်ကြားတဲ့ နည်းလမ်းဖြစ်ပါတယ်။
"အစိတ်မှ အစုသို့" ဆီကို ဦးတည်သွားတဲ့ နည်းလမ်းလည်း ဖြစ်ပါတယ်။ ဆရာက ပြဿနာရဲ့ အဖြေကနေ စပြောပြီး၊ ဘာကြောင့် ဒီအဖြေဖြစ်ရတာလဲဆိုတဲ့ အဆင့်ဆင့်ကို ပြန်လည်ခွဲခြမ်းရှင်းပြရတာဖြစ်ပါတယ်။
၁. ပြဿနာ မိတ်ဆက်ခြင်း (Problem Presentation): ဆရာက ရှုပ်ထွေးတဲ့ ပြဿနာ (သို့) သဘောတရား တစ်ခုကို မိတ်ဆက်ပေးတယ်။
၂. ခွဲခြမ်းစိတ်ဖြာခြင်း (Analysis): ဆရာက ဒီပြဿနာကို ပိုမိုရိုးရှင်းတဲ့ အစိတ်အပိုင်းငယ်လေးတွေအဖြစ် ခွဲခြမ်းပြတယ်။
၃. ဆက်နွယ်မှုရှာဖွေခြင်း (Finding Relationships): အစိတ်အပိုင်းငယ်တွေကြားက ဆက်စပ်မှုတွေကို ရှာဖွေပြတယ်။
၄. အဆင့်ဆင့် ရှင်းလင်းခြင်း (Step-by-step Explanation): ရိုးရှင်းတဲ့ အစိတ်အပိုင်းတွေကနေ စပြီး ဘယ်လိုအဆင့်ဆင့် ပြဿနာဖြေရှင်းရမလဲ ဆိုတာကို ရှင်းပြတယ်။
၅. ပေါင်းစည်းခြင်း (Synthesis): ရှင်းပြီးသား အစိတ်အပိုင်းအားလုံးကို ပေါင်းစည်းပြီး မူလပြဿနာကို ပြန်လည်ဖြေရှင်းပြတယ်။
ဥပမာ - ပြဿနာ - (a + b)² = a² + 2ab + b² ဆိုတဲ့ ညီမျှခြင်းကို ရှင်းပြခြင်း
အဆင့် ၁ (ပြဿနာမိတ်ဆက်ခြင်း): ဆရာက "(a + b)² ဆိုတာ ဘာနဲ့ညီမလဲ" လို့ မေးတယ်။
အဆင့် ၂ (ခွဲခြမ်းစိတ်ဖြာခြင်း): ဆရာက "(a + b)² ဆိုတာ (a + b) နဲ့ (a + b) မြှောက်တာနဲ့ အတူတူပဲ" လို့ ခွဲခြမ်းပြတယ်။
အဆင့် ၃ (ဆက်နွယ်မှုရှာဖွေခြင်း): ဆရာက "ဒါဆို ဒီမြှောက်ခြင်းကို ဘယ်လိုတွက်မလဲ" လို့ မေးမြန်းတယ်။
အဆင့် ၄ (အဆင့်ဆင့်ရှင်းလင်းခြင်း): ဆရာက ရှင်းပြတယ် - ပထမအကြိမ် မြှောက်ခြင်း → a x a = a² အပြင်အကြိမ် မြှောက်ခြင်း → a x b = ab အတွင်းအကြိမ် မြှောက်ခြင်း → b x a = ab နောက်ဆုံးအကြိမ် မြှောက်ခြင်း → b x b = b²
အဆင့် ၅ (ပေါင်းစည်းခြင်း): ဆရာက "ဒါဆို အားလုံးပေါင်းရင် a² + ab + ab + b² = a² + 2ab + b² ရမယ်" လို့ ရှင်းပြတယ်။
Synthetic Method (ပေါင်းစပ်သင်ကြားနည်း)
ခက်တဲ့ပုစ္ဆာတွေသင်တဲ့အခါသုံးတယ်။ Formula ပေါင်းမြောက်များစွာပါဝင်တဲ့အကြောင်းအရာတွေကိုသင်ကြားတဲ့အခါသုံးတယ်။
Synthetic teaching method ဆိုတာ အပိုင်းလိုက်၊ အစိပ်အပိုင်းလေးတွေကနေစပြီး တဖြည်းဖြည်းချင်း ပေါင်းစပ်ပြီး ပိုကြီးတဲ့၊ ပိုရှုပ်ထွေးတဲ့ အယူအဆတစ်ခုကို တည်ဆောက်သင်ကြားပေးတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဒီနည်းလမ်းကို မြန်မာလိုဆိုရင် "ပေါင်းစပ်သင်ကြားနည်း" လို့ ပြောလို့ရပါတယ်။
Problem solving Method
အဖြေကို အလွယ်တကူခန့်မှန်းလို့မရတဲ့ ပုစ္ဆာမျိုးဆိုလျင် problem solving နဲ့သင်ကြားသင့်တယ်။ ပေးထားတဲ့အချက်လေးတွေကို တွက်ရင်းနဲ့နောက်ဆုံး အဖြေရသွားတာမျိုးပါ။ အလွယ်တကူနဲ့အဖြေမရနိုင်ပါဘူး။
Laboratory Method
လက်တွေ့လုပ်ပြီးသင်ကြားရမယ်။
Geomatery လို
Project Based Method
သင်ထားပြီးသား Theory တွေကို လက်တွေ့မှာတကယ်ရှိတယ်ဆိုတာကို project လေးတွေခွဲပြီးလုပ်ခိုင်းတာ
သင်ရမယ့် အကြောင်းအရာကို အရင်သင်ရမယ်
Things to read
သုည ဘယ်လိုဖြစ်ပေါ်လာလဲဖတ်ရန်
Things to do
Attention
Call and response
Makeing Eye contact
Introduction
M&M and color qeustion
Pair Interview then introduce partner
Classroom Management
Be ware of
Attention
Loud but never shout
The Phrase in English
I'll count down three two one and once I do that I expect you to be quiet.
Teaching style to try